Pages

Pages

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်က ထိုင်းဘုရင်မင်းမြတ်၏ (၇၂)နှစ်မြောက်မွေးနေ့အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် တော်ဝင်အခမ်းအနား သို့ တက်ရောက်



ချင်းမိုင်၊ ဇန်နဝါရီ ၂၈

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၈-၇-၂၀၂၄ ရက်တွင် ကျရောက်သော ထိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်း၏ (၇၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၆-၁-၂၀၂၅ ရက်တွင် ချင်းမိုင်မြို့၊ မင်းသုံးပါး ရုပ်ထုရင်ပြင် (Three Kings Monuments Square)၌ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များက ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်းကွန်းနှင့် မိဖုရားတို့ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေ တိုးပွားစေရန်  ရှေးခေတ်လန်နားဘုရင့်နိုင်ငံ၏ ရိုးရာ အစဉ်အလာထုံးတမ်းများနှင့် အညီ ကျင်းပပြုလုပ်သည့် Bai Sri Su Khwan အခမ်းအနားသို့  တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား၊ ဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများ၊ ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တော်ဝင်မိသားစုများ၊ ဌာနဆိုင်ရာ အရာရှိကြီး များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News #Thailand

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment