Pages

Pages

ဟာဆီနာရဲ့ ပါတီကို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် မပေး


ဇန်နဝါရီ - ၂၅ ( စနေနေ့ ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့ ပါတီ အာဝါမီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမှာ မဟုတ်ကြောင်း ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် မူဟမ်မက်ယူနု က ဒီကနေ့ ဆိုလိုက်ပါတယ် ။ 

“ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ လိုလားတဲ့ အုပ်စုတွေကြားမှာပဲ ယှဉ်ပြိုင်မှာပါ” လို့ ဟာဆီနာရဲ့ အာဝါမီအစိုးရကို ဖြုတ်ချခဲ့သော လူထုအုံကြွမှုကြီးကို ဦးဆောင်ခဲ့တဲ့ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ထိပ်တန်းခေါင်းဆောင် မွတ်ဖက်ဇ်အာလမ် ကဆိုပါတယ်။ 

အလယ်ပိုင်း ချောင်ပူရခရိုင် လမ်းပေါ်လူထုစုဝေးပွဲတစ်ခု၌ အာလမ်က ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ရဲ့  ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)၊ ဂျမ်မာအက် အီ အစ္စလာမ် နဲ့  အခြားသော “ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ လိုလားတဲ့ ပါတီများ” သာလျှင် နိုင်ငံတွင်း နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်ကြမယ်လို့ ပြောပါတယ်။ “တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြင့် အနာဂတ် အုပ်ချုပ်ရေးကို ထူထောင်နိုင်လိမ့်မယ်” လို့ ၎င်းက ဆက်ပြောပါတယ်။  "အာဝါမီအဖွဲ့ချုပ် ပြန်လည်ထူထောင်ရေးတွေကို ဒီနိုင်ငံမှာ ခွင့်မပြုပါဘူး" လို့  အကြံပေးအရာရှိ ယူနုရဲ့ ကြားဖြတ်အစိုးရမှာ မပါတဲ့ အာဏါရဝန်ကြီး အာလမ်ကပြောကြားခဲ့ပါတယ်။  

"အနည်းဆုံး ပြုပြင်ပြောင်းလဲမှုများ" ကို အကောင်အထည် ဖော်ပြီးမှ ၊  "ဖက်ဆစ် ဟာဆီနာ အစိုးရ"ရဲ့ အဖွဲ့အစည်းတွေကို ဖြိုခွင်းပြီးမှ၊  အင်စတီကျူးရှင်းတွေကိုအသစ် ပြန်လည်ဖွဲ့စည်းပြီးမှ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အာလမ်ပြောပါတယ်။  

အာဝါမီလိဂ်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ကတည်းက ပွင့်လင်းနိုင်ငံရေးအခင်းအကျင်းမှ ကင်းစင် လုနီးပါး ဖြစ်နေပြီး ၎င်း၏ခေါင်းဆောင်များနှင့် ဟာဆီနာ၏ အစိုးရအဖွဲ့ဝင်အများစုသည် လူသတ်မှုနှင့် အခြားရာဇဝတ်မှု စွဲချက်များဖြင့် ထောင်ကျခြင်း သို့မဟုတ် ပြည်တွင်းပြည်ပတွင် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ 


REF - abp live

#MNP #News #International #Bengladesh

https://t.me/MyanmarNationalPost


No comments:

Post a Comment