Pages

Pages

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ





သင်္ဃန်းကျွန်း၊ ဇန်နဝါရီ ၁၂

သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အ.ထ.က(ခွဲ) နှင့် အ.လ.က(၅)ကျောင်းတို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် မြို့နယ်ပညာရေးမှူး ဦးထလာချုမ်းတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး၊ ထူးချွန်ဆုရရှိသူများအား သင်တန်းအောင်လက်မှတ်နှင့် ဆုများ ချီးမြင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းကြက်ခြေနီ  ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ကြက်ခြေတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/‌ကျောင်းသူများ စုစုပေါင်းအင်အား(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သိန်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment