Pages

Pages

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၌ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကျင်းပ



မန္တလေး၊ ဇန်နဝါရီ ၁၂

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်ဦးဆောင်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါတက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများအနေဖြင့် အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြေး၊ ထုတ်စည်းတိုး၊ လွန်ဆွဲပွဲ၊ စကောရွက်၊ အပ်ထိုးပြိုင်ပွဲ၊ ထိုင်ခုံလုပွဲနှင့် ဘောလုံးပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)၏ အားကစားပြိုင်ပွဲများကို မြန်မာ့ရိုးရာအားကစားနည်းများပါ ထည့်သွင်းကျင်းပခဲ့ပြီး ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment