Pages

Pages

မုံရွာတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 



မုံရွာ၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ နိင်ငံသားအခွင့်အရေးစံချိန်များ  ခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများ ဖြေရှင်းပေးရန်၊ စားသုံးသူ အသိပညာပေးခြင်များ ဆောင်ရွက်ပေးရန်တို့ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဦးစွာ  မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းအေးက အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများအား ပရိုဂျက်တာဖြင့် အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့်  ပြသရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့နောက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေစာအုပ်များကို  တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment