ရန်ကုန်၊ ဇန်နဝါရီ ၆
ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်စံပြငါးဈေး သို့ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန် အဖြစ် ပင်လယ်ထွက်ကုန်အမျိုးအစား ၈၀ ခန့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပြည်ပ ပို့ကုန်အဖြစ် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ကို အအေးခန်းစက်ရုံများမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း အဆိုပါဈေးမှ သိရသည်။
ရန်ကုန်မြို့တွင် ပင်လယ်ငါးဖမ်းစက် လှေများဆိုက်ကပ်ရာဆိပ်ခံတံတား ၁၀ ခု ကျော်ရှိပြီး ယခုရက်ပိုင်းအတွင်း မြန်မာ့ပင်လယ်ပြင်မှ ပြည်ပသို့ တင်ပို့သည့် ငါးနှပ်၊ ငါးတံခွန်၊ ငါးပုတ်သင်နှင့် ပုစွန်များ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည့် အတွက် နှစ်သစ်ကူးကာလ၌ ပင်လယ်ရေ ထွက်ကုန်များ အရောင်းအဝယ်ကောင်း လျက်ရှိသည့်အပြင် ပြည်ပဝယ်လိုအားကောင်းသည့် ငါးသလောက်နှင့်ကင်းမွန်များ ရန်ကုန်ဈေးကွက်သို့ ယခုလအတွင်း လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း ငါးလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။
“ပင်လယ်ပြင်ကဝင်လာတဲ့ ငါး၊ပုစွန်တွေကို ရန်ကုန်ဆိပ်ခံတံတားကနေ အအေး ခန်းစက်ရုံတွေကိုတင်ပို့ပြီး အဲ့ဒီကတစ်ဆင့်ကွန်တိန်နာနဲ့ ရေလမ်းကြောင်းကနေ ပြည်ပ ကိုပို့ကြတာပါ။ ပြည်ပဝယ်လက်တွေကိုယ်တိုင်ဆင်းပြီးမှာလို့ပို့တာရှိသလို ကိုယ်စား လှယ်တွေကတစ်ဆင့်ပို့တာလည်းရှိပါတယ်။ ဒီလိုပို့တဲ့အခါ ပင်လယ်ငါးအပြင်ရေချိုထွက် ကုန်တွေပို့နေတာလည်းရှိတယ်။ ပင်လယ်ငါးကရာသီမရွေး ပို့ပါတယ်။"ဟု ရေလုပ်ငန်း ရှင် ဒေါ်တင်နွယ်၏ ပြောပြချက်အရ သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment