Pages

Pages

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သည့် မြန်မာနိုင်ငံသား ၃၀ ဦးကို တင်ဆောင်လာသော ကား ၂စီး တိုက်မိရာမှ ၁ဦးသေဆုံး ၂ဦး ဒဏ်ရာရ



ဘုရားသုံးဆူ၊ ဇန်နဝါရီ ၉

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာတဲ့ ကားနှစ်စီး ချင်းချင်းတိုက်မိရာကနေ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှု ဇန်နဝါရီလ ၇ ရက် ညပိုင်းက ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြိုနယ်၊ နောင်လူကျေးရွာအနီး၊ ဘုရားသုံးဆူ-စံခလဘူရီလမ်းမကြီး‌ပေါ်မှာ ဇန်နဝါရီလ ၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူ‌ကျေးရွာဘက်ကို ဝင်ရောက်လာသော ထိုင်းနိုင်ငံတွင်အလုပ်လုပ်မယ့် တရားမဝင်မြန်မာလုပ်သား ၃၀ ဦးကို ပစ်ကပ်ကားနှစ်စီးက အသင့်စောင့်ဆိုင်းနေကာ ကားနှစ်စီးတွင် ခွဲပြီးတင်ဆောင်လာချိန် ယင်း ကားနှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားသုံးဆူ-စံခလဘူရီ လမ်းမကြီးအတိုင်း အရှိန်ပြင်းစွာမောင်းနှင်လာစဉ် တိုက်မိပြီးနောက် ရှေ့ဘက်က မောင်းတဲ့ကားမှာ လမ်းဘေးသစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။

သစ်ပင်ကို ဝင်တိုက်မိတဲ့ ကားပေါ်ပါ မနော်ဆောင်း ဆိုသူအမျိုးသမီးတစ်ဦး သေဆုံးပြီး ကိုဇော်အောင် ဆိုသူမှာ ပြင်းထန်ဒဏ်ရာ ရရှိပြီး ကိုစိုးပိုင်ဦးဆိုသူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ Phithakkan Foundation မှ တာဝန်ရှိသူများ အပါအဝင် လူမူကယ်ဆယ်ရေးအဖွဲများက သွားရောက်ကူညီခဲ့ကြပြီး သေဆုံးသူရဲ့ရုပ်အလောင်းနှင့် ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် စံခလဘူရီရှိ ဖဟွန်ဖွန်ဖယုဟစေနာ ဆေးရုံကြီးကို ‌ပိုဆောင်ခဲ့သည်။

ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများမှလွဲပြီး ကျန်သူအားလုံး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် စံခလဘူရီရဲတပ်ဖွဲက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment