Pages

Pages

တောင်တွင်းကြီးမြို့နယ်တွင် (၁၁)ကြိမ်မြောက် ပြာသိုလပြည့်နေ့အမေများနေ့အကြို ဓမ္မသဘင်အခမ်းအနားကျင်းပ



တောင်တွင်းကြီး၊ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် (၁၁)ကြိမ်မြောက် ပြာသိုလပြည့်နေ့ အမေများနေ့အထိမ်းအမှတ်အကြို ဓမ္မသဘင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က ဆူးကောက်ကြီးအုပ်စု၊ ချင်းကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်၊ ဌက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ အရှင်မာနိတထံမှ “တစ်ယောက်ထဲနေချင်တယ်” ခေါင်းစဥ်ဖြင့် တရားတော်ကို ဟောကြားချီးမြှင့်တော်မှုခဲ့ပြီး တရားပွဲအပြီးတွင် ဆရာတော်အရှင်သူမြတ်ဟောကြားသော တရားတော်မှ မေးခွန်းပုစ္ဆာများ မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူများအား အမေ့များနေ့ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ နှင့်တောင်တွင်းကြီးမြို့ ဘက်စုံပရဟိတအကျိုးတော်ဆောင် ဦးဝင်းလေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။


နောင်နောင် (ဗိဿနိုးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment