Pages

Pages

ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ကား၊ ဓာတ်ဆီပေပါ ၅ လုံးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း သတင်းတု သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ


နေပြည်တော်၊  ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ကား၊ ဓာတ်ဆီပေပါ ၅ လုံးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင် သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများကမဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး နယ်မြေလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကြံခင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများတရားမဝင်ဝင်ရောက် ခိုအောင်းမှုမရှိစေရန်နှင့် အဖျက်အမှောက်လုပ်ငန်းများ မလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိပြီး ၎င်းကျေးရွာ များအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို လုံးဝယူဆောင်ခြင်းမျိုးမရှိပါကြောင်း၊ အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်းဝင်ရောက်၍ အတင်းအဓမ္မဆက်ကြေးကောက်ခံ ခြင်း၊ လူသစ်စုဆောင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ဥစ္စာကိုထိခိုက်စေရန်ရည်ရွယ်၍ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက် နေသည်ကို ပြည်သူများအသိပင်ဖြစ်ကြောင်း၊  တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ မဟုတ်မမှန် သတင်းများကို လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment