Pages

Pages

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၁၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ယမန်နေ့က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ)ပွဲ၌ အဘိဓမ္မာ (ဒုတိယပိုင်း) တွင် စာရင်းသွင်း သံဃာတော်လေးပါးရှိပြီး ဖြေဆိုသံဃာတော်လေးပါး၊ အဘိဓမ္မာ (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၇ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၅ ပါး၊ ဒီဃနိကာယ်ကျမ်းတွင် စာရင်းသွင်းသံဃာတော် ၃၈ ပါးရှိပြီး ဖြေဆိုသံဃာတော် ၃၅ ပါး၊ ဝိနည်း (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၂၆ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၁၃ ပါးတို့ဖြစ်သည်။

ယနေ့ ဖြေဆိုကြသည့် သံဃာတော်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းအလှူရှင် ဒေါက်တာမျိုးထက်အေးနှင့် ဇနီး မိသားစုများ၊ သာကေတမြို့နယ်မှ ပရဟိတအကျိုးဆောင်အလှူရှင်များအဖွဲ့ (ရန်ကုန်) နှင့် ဗီယက်နမ်နိုင်ငံ သာသနာပြုကုသိုလ်အဖွဲ့မှ အချိုရည်နှင့် ရဟန်းအသုံးဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment