ဇန်နဝါရီ - ၁ ( ဗုဒ္ဓဟူးနေ့ )
ကုဋေကြွယ်သူဌေး တက်စလာ လျှပ်စစ်ကားထုတ်လုပ်သူ နဲ့ SpaceX စပေ့အိတ် အာကာသယာဉ်လုပ်ငန်း တည်ထောင်သူ အီလွန်မက်စ်တစ်ယောက် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲကတည်းက ဖလော်ရီဒါပြည်နယ်ရှိ ဒေါ်နယ်ထရမ့်ရဲ့ မာအာလာဂိုစံအိမ်နားကနေ မပြန်တော့ဘူးလို့ နယူးယောက်ခ်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။ သူက ထရမ့်ရဲ့ အိမ်ဘေးနားက ရွှေညောင်ပင် အိမ်ရာစခန်းမှာ တစ်ညလျှင် ဒေါ်လာ ၂၀၀၀ နဲ့ ဖြင့် ငှားရမ်းနေထိုင်နေပြီး ရွေးကောက်ခံသမ္မတထံ လွယ်ကူစွာ ဝင်ရောက်နိုင်စေခဲ့ကြောင်း NYT က တနင်္လာနေ့တွင် ဖော်ပြခဲ့ပါတယ်။
အဲ့လိုလုပ်နေတာက ထရမ့်ရဲ့ အကူးအပြောင်းအဖွဲ့အပေါ် မက်စ်ရဲ့ အရေးပါသော သြဇာလွှမ်းမိုးမှုကို အလေးပေးဖော်ပြပြီး ညစာစားပွဲများနှင့် မူဝါဒရေးရာဆွေးနွေးမှုများအပါအဝင် ကိစ္စရပ်တော်တော်များများကို စီစဉ်ဖို့အတွက် သူ့အား ရွေးချယ်ခံရသော သမ္မတနှင့် မကြာခဏလာရောက်လည်ပတ်ခွင့် ပေးခဲ့တယ်လို့ သတင်းစာက ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ဇူလိုင်လ မဲဆွယ်စည်းရုံးရေးကာလအတွင်းက မအောင်မြင်သော လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် ထရမ့်ကို မက်စ်က လူသိရှင်ကြား ထောက်ခံအားပေးခဲ့ပါတယ်။ အဲ့ဒိကတည်းကစပြီး မက်စ်က ထရမ့်ရဲ့ မူဝါဒနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ နှစ်ခုစလုံးအတွက် အဓိက အကြံပေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက မာအာလာဂို စံအိမ်ရှိ အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး နိုင်ငံခြားခေါင်းဆောင်များနဲ့ ဖုန်းခေါ်ဆိုမှုများတွင် ပါဝင်ခဲ့ပြီး အကြီးတန်းအုပ်ချုပ်ရေးကဏ္ဍအတွက် ကိုယ်စားလှယ်လောင်းများကို စိစစ်ရာတွင် ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက နည်းပညာစက်မှုလုပ်ငန်းပြိုင်ဘက် အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီးဇော့ နဲ့လည်း ထရမ့်အိမ်မှာ ညစာအတူစားပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုအတွက် မက်စ်က ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကိုလည်း အများအပြားလုပ်ခဲ့ပါတယ်။ ထရမ့်ကိုထောက်ခံဖို့အတွက် ရွေးကောက်ပွဲ လည်ပတ်မှုရဲ့ နောက်ဆုံးလများမှာ ကန်ဒေါ်လာ သန်း ၂၅၀ လောက် သုံးခဲ့တယ်လို့ သတင်းရပါတယ်။ အဲ့ဒါက ရွေးကောက်ခံသမ္မတအတွက် အရေးအကြီးဆုံး အလှူရှင်များနှင့် လူမှုမီဒီယာမြှင့်တင်သူများထဲမှာ မက်စ်ရဲ့အခန်းကဏ္ဍကို ခိုင်ခံ့စေခဲ့ပါတယ်။ မက်စ်က ခရစ္စမတ်ရက်တွေတုန်းက ခဏလောက်ပျောက်သွားပြီး အခုတော့ ရွေးချယ်ခံ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ စံအိမ်ထဲမှာ တတွဲတွဲ တွေ့နေရတယ်လို့ ဆိုပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment