Pages

Pages

ရွှေစက်တော်ဘုရားပွဲတော်ရာသီအမီ စကုမြို့ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများ အဆင့်မြှင့်တင်ဆောင်ရွက်နေ





မင်းဘူး၊ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ ရွှေစက်တော်ဘုရားပွဲတော်ရာသီအမီ သမိုင်းဝင်စေတီပုထိုးများနှင့် အထင်ကရနေရာများ၌ အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

စကုမြို့တွင် ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ လှံယာဉ်ပျံစေတီ၊ ရူပါရုံစေတီစသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုး (၆၁)ဆူအား ပြန်လည်ပြုပြင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ထုံးသင်္ကန်းကပ်လှူခြင်း၊ အုတ်တံတိုင်းများ၊ တန်ဆောင်းများအား ရှေးမူလက်ရာအတိုင်း အသစ်ပြန်လည် ပြုပြင်လျက်ရှိကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားပွဲတော် ရာသီအချိန်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာခရီးသွားပြည်သူများ လေ့လာလည်ပတ်နိုင်ရန် စကုမြို့ရှိ တန်ခိုးကြီးစေတီပုထိုးများနှင့် အခြားအထင်ကရနေရာများအား ပန်းအလှပင်များစိုက်ပျိုးခြင်း၊ အုတ်တံတိုင်းနှင့် စေတီပျက်များ ပြန်လည်ဖော်ဆောင်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထုံးသင်္ကန်း၊ ရွှေသင်္ကန်းများ ကပ်လှူခြင်း စသော အထင်ကရ စေတီတော်ပေါင်း (၆၁)ဆူအား အဆင့်မြှင့်တင်၍ ပြန်လည်ဖော်ဆောင် ပြုပြင်ထားကြောင်းသိရသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment