ယူကရိန်းသားတွေ လက်တွေ့ကျကျ စဉ်းစားဖို့လိုပြီလို့ ပြင်သစ်သမ္မတသတိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းသားတွေ လက်တွေ့ကျကျ စဉ်းစားဖို့လိုပြီလို့ ပြင်သစ်သမ္မတသတိပေး


ဇန်နဝါရီ - ၇ ( အင်္ဂါနေ့ ) 

ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းခြင်းသည် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြီးသွားမှာ မဟုတ်ကြောင်း၊  ပိုင်နက်ပြဿနာကို ရင်ဆိုင်ရန် ကိယက်ဗ်အစိုးရအနေနဲ့ လက်တွေ့ကျဖို့ လိုအပ်ဖို့လိုကြောင်း ပြင်သစ်သမ္မတ အမ်မြူရာယ်မာခွန်က သတိပေးခဲ့ပါတယ်။ 

တနင်္လာနေ့က အီလက်စီ နန်းတော်မှာ သံတမန်တွေနဲ့တွေ့ဆုံခြင်း နှစ်ပတ်လည်ညီလာခံမှာ မာခွန် က မော်စကိုနဲ့ ကိယက်ဗ်ကြားက ပဋိပက္ခတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံသားတွေဟာ ပိုင်နက်နယ်မြေဆိုင်ရာ မေးခွန်းတွေကို လက်တွေ့ကျကျ ဆွေးနွေးဖို့ လိုအပ်ပြီး သူတို့သာ လုပ်နိုင်မှာပါ” ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ် ။

"ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရန် တာဝန်ရှိပေမဲ့ အမေရိကန်ပြည်ထောင်စုက ကျွန်ုပ်တို့အား အခြေအနေရဲ့သဘောသဘာဝကို ပြောင်းလဲရန်နဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရုရှားရောက်လာဖို့ စည်းရုံးရန် ကူညီတောင်းထားပါတယ်" လို့ မာခွန် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

တိကျသော ငြိမ်းချမ်းရေး အဆိုပြုချက်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသော်လည်း လက်ရှိ ရှေ့တန်း တလျှောက်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို အေးခဲသွားစေမည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုရန် အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က အဆိုပြုထားတယ်လို့ မီဒီယာများတွင် ကောလာဟလများ ထွက်ပေါ်နေပါတယ်။ အနောက်နိုင်ငံအချို့မှ အစိုးရများသည် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်မှ ရပ်စဲထားချိန်တွင် ယူကရိန်းလုံခြုံရေးကို အာမခံချက်ပေးခြင်းဖြင့် ကိယက်ဗ်အစိုးရရဲ့ ကန့်ကွက်နေမှုကို  ကိုင်တွယ်ဖြေရှင်း နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

ထရန့်က သူသမ္မတတာဝန်ယူလိုက်တာနဲ့ ရုရှား- ယူကရိန်း ပဋိပက္ခကို အမြန်အဆုံးသတ်မယ်လို့  ကတိပြုထား ပေမဲ့  အဲ့ဒိပဋိပက္ခမှာ “မြန်ဆန်လွယ်ကူသော ဖြေရှင်းချက်” မရှိလို့ ပြင်သစ်သမ္မတက သတိပေးခဲ့ပါတယ်။ ယူကရိန်းက တဖြည်းဖြည်းနဲ့ မောပန်းနွမ်းနယ်လာနေပြီ ဆိုတာကို အနောက်အုပ်စုတွေအနေနဲ့ သတိထားဖို့လိုပြီး ဆက်လက်ထောက်ပံ့ဖို့လိုနေတယ်ဆိုတာကို မမေ့ဖို့ကိုလည်း ပြောလိုက်ပါတယ်။ “ အမေရိကန်သမ္မတသစ် သိထားဖို့က ယူကရိန်းရှုံးသွားတာနဲ့ အမေရိကန်အတွက် ဘာအခွင့်အရေးမှ မရှိတော့ဘူးဆိုတာကိုပါပဲ။ ယူကရိန်းမှာ ခွဲထွက်ရေးသမားတွေ နိုင်သွားလို့ ကမ္ဘာ့ ဘယ်နိုင်ငံမှ အကျိုးမရှိပါဘူး “ လို့လည်း ပြောသွားပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)