Pages

Pages

ပခုက္ကူတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ဘွဲ့ရမောင်မယ် ခြောက်သောင်း ခုနစ်ထောင်ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်






ပခုက္ကူ၊ ဇန်နဝါရီ ၁၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အထူးပြု ဘာသာရပ်များအလိုက် နေ့သင်တန်းနှင့်အဝေးသင် သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်ပေါင်း ခြောက်သောင်း ခုနစ်ထောင်ကျော်တို့အား ပညာသင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်အနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရန် ဘွဲ့ရလူငယ်မောင်မယ်များကို နှစ်စဉ်ပညာသင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိပညာသင်နှစ်အထိ အထူးပြု ဘာသာရပ်များအလိုက် နေ့သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ(၁၆၇၂၁)ဦး၊ ဝိဇ္ဇာနှင့်သိပ္ပံ ဂုဏ်ထူးဘွဲ့ရ(၂၂၈၇)ဦး၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရ(၂၁၈၈)ဦး၊ မဟာသုတေသနဘွဲ့ရ(၁၂၈)ဦး၊ အဝေးသင် သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ(၄၁၀၉၃)ဦး၊ ဥပဒေပညာဘွဲ့ရ(၁၁၆၅)ဦး၊ စီးပွားရေးပညာပေါင်းစပ်ဘွဲ့ရ (၄၃၆၄)ဦး၊ စုစုပေါင်းဘွဲ့ရမောင်မယ် (၆၇၉၆၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အကြိမ်(၂၀)မြောက်ဘွဲ့နှင်းသဘင်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၁၁ရက်နေ့နှင့် အဝေးသင်သင်တန်း(တတိယအကြိမ်)ဘွဲ့နှင်း သဘင်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ နေ့သင်တန်းဘွဲ့ရမောင်မယ်(၂၀၅)ဦးနှင့် အဝေးသင် သင်တန်းဘွဲ့ရမောင်မယ်(၁၅၅)ဦးတို့အား ဘွဲ့များအသီးသီးအပ်နှင်းခဲ့ပြီဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ထံက သိရသည်။


ဘာမီသာ(ပခုက္ကူ)

Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment