မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး


နေပြည်တော်၊ ဇန်နဝါရီ ၁၅

မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) ပြင်ဆင်ရေးဆွဲ နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၁၃-၁-၂၀၂၅ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ADS ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိမှုစသည့် ရည်မှန်းချက် သုံးရပ်ဖြင့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကို ဆောင်ရွက်ခဲ့မှုကြောင့် စားရေရိက္ခာနှင့် အာဟာရပြည့်ဝဖူလုံရေး၊ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး၊ လုပ်ကွက် ငယ်တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ လယ်ယာသားငါး ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း အားမြင့်မားရေး၊ တောင်သူများ၏ ရပိုင်ခွင့်များရရှိစေခြင်းနှင့် ပိုမိုခိုင်မာစေခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။           

နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှုကောင်စီ၊ ADS အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ နှင့်အညီ သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အဆိုပြု လုပ်ငန်းများအပေါ် အခြေခံ၍ ADS (၂၀၂၅-၂၀၃၀) (မူကြမ်း) ကို ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ADS ပါ ထပ်ဆင့်ရလဒ်၊ ချက်ချင်းရလဒ်များသည် ယခုလက်ရှိနှင့် နောင်ငါးနှစ်တွင် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဖြစ်စေရန်၊ ခေတ်စနစ်နှင့်အညီဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ပြင်ဆင်ရေးဆွဲပြီး ADS (၂၀၂၅-၂၀၃၀) (မူကြမ်း) အပေါ် သက်ဆိုင်ရာဌာန တစ်ခုချင်းအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)