Pages

Pages

ကျိုက်မရောမြို့နယ်တွင် ငွေကျပ်သိန်း ၁,၀၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ ၁၈၃၀ အချိန် ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာနေ ဒေါ်ခလိန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၀၈၀)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၂၆  တောင့် နှင့် ကျည်အိမ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဒေါ်ခလိန်း(၅၅)နှစ်အား ကျိုက်မရောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment