Pages

Pages

အိန္ဒိယနိုင်ငံ၏ (၇၆)ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်





နယူးဒေလီ၊ ဇန်နဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆) ကြိမ်မြောက် အမျိုးသားနေ့ စစ်ရေးပြပွဲ အခမ်းအနား ကို ၂၆-၁-၂၀၂၅ ရက်နေ့တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်ခဲ့ပါသည်။

အိန္ဒိယအမျိုးသားနေ့ စစ်ရေးပြပွဲ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ သမ္မတ ရှရီမာတီ ဒရောပါဒီ မာမူက မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အိန္ဒိယတပ်မတော်မှ စစ်သည်တော်များက ကာတစ်ဗ်ယာ လမ်းတစ်လျှောက်  ချီတက်စစ်ရေးပြခြင်း၊ လေ ကြောင်း ချီတက်ပြသခြင်းနှင့် စစ်လက်နက်ပစ္စည်းများ ပြသခြင်းတို့ဖြင့် အိန္ဒိယနိုင်ငံ၏ စစ်ရေးစွမ်းပကားကို ပြသခဲ့ပါသည်။ ထို့ပြင် နိုင်ငံ၏ အနုပညာ ယဉ်ကျေးမှုကို ဖော်ကျူး သည့် အကအလှများဖြင့် ယဉ်ကျေးမှုအဖွဲ့များက တင်ဆက်ကပြခဲ့ပြီး  အစိုးရဝန်ကြီးဌာန များနှင့် ပြည်နယ်ကိုယ်စားပြုအဖွဲ့များမှလည်း ပါဝင်ချီတက် ပြသခဲ့ကြသည်။ 

အဆိုပါအခမ်းအနားသို့ အထူးဧည့်သည်တော်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ အဆင့်မြင့်အရာရှိ ကြီးများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ(၁၀,၀၀၀)ဝန်းကျင်ခန့် တက်ရောက် ခဲ့ကြသည်။  

အိန္ဒိယသမ္မတမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအား ယင်းနေ့ ညနေပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် ဇနီး တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News #India

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment