Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းသွားရောက်ဖြည့်ဆည်းဆောင်ရွက်


နေပြည်တော် ဇန်နဝါရီ ၁၅ 

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်း တွင် ကယားပြည်နယ် စီးပွား ရေးရာဝန်ကြီး ဦးစိန်ဦး၊ တာဝန် ရှိသူများနှင့်အတူ လွိုင်ကော် တက္ကသိုလ် ပင်မဆောင်ပြန်လည် ပြုပြင်ရန် လိုအပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ်ပြည်ထောင်စု ဝန်ကြီးက ကျောင်းဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ စာသင်ဆောင်၊ အိပ်ဆောင်၊ ဝန်ထမ်းဆောင်များ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကို ဦးစားပေးအဆင့်လိုက် ခွဲခြား ဆောင်ရွက်နိုင်ရေးနှင့် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်း သား သင်တန်းသူများနှင့်လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး ၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာ ရေးမှူးများ၊ အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် လည်းကောင်း၊ လွိုင်ကော်မြို့ အမှတ် (၇) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့်လည်းကောင်း ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အမှာစကား ပြောကြားပြီး တက်ရောက်လာ သူများ၏လိုအပ်ချက် တင်ပြမှုများ အပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment