ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်များ ပေးအပ်


နေပြည်တော်၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က တောင်ငူမြို့ ခပေါင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း (ရာဂီ) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက်ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးရခြင်းတို့ကြောင့် ဒေသအလိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူမှုဖူလုံရေး မြို့နယ်ရုံး ၈၀ တွင် ယနေ့အချိန်အထိ အလုပ်ဌာန ၃၄၉၂၇ ဌာနနှင့် အလုပ်သမား ၁ ဒသမ ၂၇ သန်း အကျုံးဝင်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၌ အလုပ်ဌာန ၂၆၆၉ ဌာန၊ အာမခံအလုပ်သမား ၇၇၇၁၀ မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန ၅၆ ဌာနမှ ရေဘေးသင့် အာမခံအလုပ်သမား ၅၁၉ ဦးအား ငွေကြေးအကျိုးခံစားခွင့် ငွေကျပ် ၃၉ ဒသမ ၁၃ သန်းကို ယနေ့အခမ်းအနားတွင် ခွင့်ပြုထုတ်ပေး ခြင်းဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ထံသို့ အာမခံ အလုပ်သမား ၅၁၉ ဦးအတွက် လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၃၉ ဒသမ ၁၃ သန်းကို လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် အဖွဲ့ရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ဌာနအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)