Pages

Pages

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီများ အစည်းအဝေးကျင်းပ




ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၉-၁-၂၀၂၅)ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီတွင်  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆန်စပါးကုန်သွယ်မှု၏ လက်ရှိအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေများအပေါ် သုံးသပ်ခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းဆန်စပါး ဈေးကွက်ဈေးနှုန်း အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် အသင်းချုပ်၏ ၂၀၂၅-၂၀၂၇ သက်တမ်းကာလအတွက် ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ကိစ္စရပ်များ၊ အသင်းချုပ်၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့်သော ကိစ္စရပ်များ၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှု အခက်အခဲများ၊ MyROတွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို  ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment