Pages

Pages

ပေါင်မြို့နယ်၌ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်





ပေါင်၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း၊ နေပြည်တော်)နှင့် Zoom Meeting ဖြင့်ပြုလုပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲမှညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေးဌာနစု၊ သုတေသနအရာရှိ ဦးကျော်မြိုင်က စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းနှင့် သုတေသနပညာရှင်များ၊ မွန်ပြည်နယ်ပေါင်မြို့နယ်ဦးစီးမှူး‌ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများ၊ ကတိုက်ဆည်ရေသောက်ကျေးရွာများဖြစ်သော ဖြူဘ၊ ရွာတန်းရှည်၊ ရင်းငြိမ်တောင်၊ ရင်းငြိမ်မြောက်၊ သဗြုချောင်၊ ထန်းပင်ချောင်လေး၊ ကျုံဟော်၊ သဲကုန်း၊ ပန်းကုန်းနှင့် ကတွန်ကျေးရွာတို့မှ တောင်သူ(၃၅)ဦးတက်ရောက်ခဲ့သည်။


မွန်မလေး 

#MNP #News #Agriculture

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment