Pages

Pages

ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းခရီးသွားဧည့်သည် ၅၄၅၅၇ ဦး လာရောက် လည်ပတ်ခဲ့


ပုသိမ်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေ သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းခရီးသွား ဧည့်သည်  ၅၄၅၅၇  ဦး  လာရောက် လည်ပတ်ခဲ့ကြောင်း ရွှေသောင်ယံကမ်းခြေ ခရီးသွားလုပ်ငန်းအသင်း ခရီးသွားတာဝန်ခံဒေါ်ချယ်ရီမြင့်၏ ‌ပြောပြချက်အရ သိရသည်။  

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီး သွားဒေသများတွင်  တစ်ခုအပါအဝင်ဖြစ် သည့်     ပုသိမ်မြို့နယ်   ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေသို့   ၂၀၂၄   ခုနှစ် နိုဝင်ဘာလက ခရီးသွားဧည့်သည် ၂၀၅၆၅  ဦးသာလာရောက်လည်ပတ်ခဲ့ပြီး ဒီဇင်ဘာလတစ်လတာကာလအတွင်း ခရီးသွား ဧည့်သည်  ၅၄၅၅၇ ဦးအထိ လာရောက် လည်ပတ်ခဲ့သည်။

''ပြီးခဲ့တဲ့တစ်လအတွင်း ရွှေသောင်ယံ ကမ်းခြေကို အပန်းဖြေလာရောက်သူ ၅၄၅၅၇  ဦးအထိ ရှိခဲ့ပါတယ်။ ကမ်းခြေကို လာတဲ့ဧည့်သည်တွေထဲမှာ နေ့ချင်းပြန်လာတဲ့ဧည့်သည်ကပိုများတယ်။ ပွင့်လင်း ရာသီရောက်လာပြီဖြစ်လို့လာမယ့်  ဧပြီ လနဲ့သင်္ကြန်ကာလနှစ်သစ်ကူးပိတ်ရက် တွေမှာခရီးသွားတွေ  ပိုပြီးလာရောက်ကြ မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီဇင်ဘာ လအတွင်း ရွှေသောင်ယံကမ်းခြေကို ပြည်တွင်းဧည့်သည်တွေအပြင် ပြည်ပခရီးသွားတွေပါ လာရောက်ခဲ့ကြပါတယ်'' ဟု ဒေါ်ချယ်ရီမြင့်ကပြောသည်။  

ရွှေသောင်ယံကမ်းခြေ၌ ရွှေသောင်ယံ ဟိုတယ်နှင့်   Lai Lai  ဟိုတယ် အပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း  ၂၀  ကျော်ဖြင့်  ကမ်းခြေသို့လာရောက်သည့်ခရီးသွားများအား ဝန်ဆောင်မှုပေးလျက် ရှိသည့်အပြင်ပင်လယ်စာအမျိုးမျိုး၊ လက်ဆောင်ပစ္စည်းအမျိုးမျိုး၊  စက်ဘီးငှား လုပ်ငန်း၊ မော်တော်ဘုတ်ငှားလုပ်ငန်း၊မြင်းငှားလုပ်ငန်း စသည့်လုပ်ငန်းများဖြင့် လည်း  ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။     


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment