Pages

Pages

ငွေဆောင်မြို့တွင် ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ဆက်လ​က်ထိုးနှံ




ငွေဆောင်၊ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ The Village Hotel တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ဟိုတယ်ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster  ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံခြင်းအား ဒေါ်ခင်မိမိလှိုင် ဘက်စုံသားဖွားဆရာမ (Midwife)ငွေဆောင်(S/C) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနနှင့် ငွေဆောင်ဟိုတယ်ဇုန်တာဝန်ရှိသူများမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် ပွင့်လင်းရာသီ၌ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလာပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧည့်သည်များနှင့် အနီးကပ်ဆက်ဆံ ရသော ဟိုတယ်ဝန်ထမ်းများအား ဦးစားပေး၍ ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပေးရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ထိုးနှံရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဟိုတယ်(၃၄)လုံးမှ မန်နေဂျာနှင့် ဝန်ထမ်းစုစုပေါင်း (၉၂၂) ဦးအား  ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


R – 014( ငွေဆောင်)


No comments:

Post a Comment