Pages

Pages

ရေတာရှည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNLA/ PDF အကြမ်းဖက် ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ


ရေတာရှည်၊ ဇန်နဝါရီ ၃

ရေတာရှည်မြို့နယ် ရေလွှရွာအနီး ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က KNLA တပ်မဟာ(၃)နှင့်  အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁၀လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

နယ်မြေရှင်း စစ်ကြောင်းနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားတွေ ထိခိုက်သေဆုံးသူများပြီး ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်အဖွဲ့များနောက်သို့ လုံခြုံရေးအဖွဲများမှ လိုက်လံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားအလောင်း(၁၀)လောင်း၊ လက်နက်မျိုးစုံ(၁၀)လက် Type-81 (၅) လက်၊ M-4 (၁) လက်၊ MA-1 (၁) လက်၊ လက်လုပ်သေနတ်(၃)လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တာဝန်သိ ဒေသခံပြည်သူများ အနေဖြင့် မိမိရပ်/ရွာ လုံခြုံရေးအတွက် အကြမ်းဖက်သမား လှုပ်ရှားမှုသတင်းရရှိပါက လျှို့ဝှက်စွာဖြင့် ချက်ချင်းသတင်းပေးကြခြင်းဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးစေရန် လုံခြုံရေးတပ်ဖွဲဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment