မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာမှ ရွာသား ၂ဦးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာမှ ရွာသား ၂ဦးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်




မန္တလေး၊ ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြစ်သားမြို့၏အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ဝက်ထိန်းကျေးရွာသို့ ၁-၁-၂၀၂၄ ရက်နေ့  (၀၈ ၁၅) အချိန်ခန့်တွင် အမည်မသိ အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ် ၂စီးဖြင့် ဝင်ရောက်လာပြီး  ဝက်ထိန်းကျေးရွာနေ  ဦးတင်မောင်မြင့် နှင့် ဦးတင်မျိုးလွန် တို့ကို သတ်ဖြတ်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမား ၄ဦးမှ ၂ ဦးစီ အဖွဲ့  ၂ဖွဲ့ခွဲ၍ ဝင်ရောက်လာပြီး သနတ်အတိုဖြင့် ပစ်ခတ်၊ ဓါးဖြင့်ထိုးခုတ်ခဲ့ရာ ဦးတင်မောင်မြင့်တွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင် ဒဏ် ရာ ၂ချက်၊ ဝဲ-နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက်လက်ဖမိုး ပြတ်ရှဒဏ်ရာ ၁ချက်၊ ဝဲဒူးအောက် ပြတ်ရှဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ ဦးတင်မျိုးလွင်တွင် ဝဲဘက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဦးခေါင်းပြတ်ဒဏ်ရာဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ဆိုင်ကယ်များဖြင့် ဝက်ထိန်းကျေးရွာ အနောက်ဘက် တဲကြီးကျေးရွာ ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ သေဆုံးသူ ၂ဦးမှာ သာမန်ပြည်သူများဖြစ်ပြီး တပ်မတော်စစ် ကြောင်း ဝက်ထိန်းကျေးရွာသို့ ဝင်ရောက်စဉ်က တပ်မတော်စစ်ကြောင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိသဖြင့် PDF အကြမ်းဖက်သမားများက ယခုကဲ့သို့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)