Pages

Pages

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ (Bed)(စာပေးစာယူ) ဘွဲ့ရရှိသူများအား ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ဆက်လက်ကျင်းပ






စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ (Bed)(စာပေးစာယူ) (EDC) အပတ်စဉ်(၃/၂၀၂၃)ဘွဲ့ရရှိသူများအား ဘွဲ့အပ်နှင်းခြင်းအခမ်း အနားကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က ပညာရေးဘွဲ့ (Bed)(စာပေးစာယူ) (EDC) အပတ်စဉ်(၃/ ၂၀၂၃)ဘွဲ့ရရှိကြသည့်  မိတ္ထီလာ၊ ပခုက္ကူ ပညာရေးဒီဂရီကောလိပ်များမှ ဘွဲ့ရရှိသူများအား ဘွဲ့များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၅ )ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်းအခမ်းအနားကို ဇန်နဝါရီလ (၂၃)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါရဂူဘွဲ့(၂၁)ဦး၊ မဟာပညာ‌ရေးဘွဲ့ (၁၅၀၃)ဦး၊ မဟာဒဿနဘွဲ့(၁၃၀)ဦး၊ ပညာရေးဘွဲ့(၉၅၁၇)ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ)(၂၀၁၉၃)ဦး၊ ပညာရေးဘွဲ့ (EDC)(စာပေးစာယူ)(၁၂၃၁၀)ဦး၊ PGDT(၂၇၄၂)ဦး၊ PGDMA(၂၉၅၁)ဦး စုစုပေါင်း (၄၉၃၆၇) ဦးအား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment