Pages

Pages

ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ


ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၂

ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပေဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကားကြားပြီး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းကျော်က ပြည်သူ့စစ်မှုထမ်းဥပ​ဒေသည် အခန်း(၈)ခန်း၊ ပုဒ်မ(၃၃)ခုဖြင့် ပြဋ္ဌာန်းထားပါကြောင်း၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စသည်နည်းဥပဒေနှင့်စပ်လျဥ်း၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်​ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment