Pages

Pages

ကျွန်းစုမြို့၌ မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

 




ကျွန်းစု  , ဖေဖော်ဝါရီ ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ အဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယမန်နေ့မှ စတင်ကာ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဌာနဆိုင်ရာများ၏ ရုံးအဆောက်အဦအတွင်း လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြု‌နေမှုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဗူးများထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။


ထို့နောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို အသိပညာပေး ပြောကြားခဲ့ကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း  သိရသည်။


ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment