Pages

Pages

သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၇) ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်ကျင်းပ






သထုံ၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၇)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ စာအောင်သံဃာတော်များအား ကြိုဆိုပင့်ဆောင်ကြပြီး သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တ သုမနာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ပရိယတ္တိသာသနဟိတအသင်း အမှုဆောင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပရိယတ္တိသာသနဟိတ အသင်းနာယကဆရာတော်ကြီးများထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြကာ ပရိယတ္တိသာသနဟိတအသင်းဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အမှုဆောင်တို့က (၉၇) ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင် ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ (၉၇)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲမှ အဆင့်အတန်း အသီးသီးဖြင့် အောင်မြင်တော်မူခဲ့ကြသူတို့အား ပရိယတ္တိသာသနဟိတအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်အသီးသီးတို့ကို ဆက်ကပ်လှူဒါန်းကာ အလှူရှင်တို့က လှူဖွယ်များ လောင်းလှူခဲ့ကြသည်။

ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၇)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့ရာ သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၈၀) ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြ‌ကြောင်း (၉၇)ကြိမ်မြောက် စာမေးပွဲ၏ မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်တွင် အမြင့်ဆုံးဘွဲ့ဖြစ်သည့် ပိဋကတ္တရပါရဂူဘွဲ့ရသူ (၁) ပါး၊ ပထမစာချဘွဲ့ရ (၂) ပါး၊ ဒုတိယစာချဘွဲ့ရ (၃) ပါး၊ အဆင့်အတန်းအသီးသီး၌ အောင်မြင်ကြသူ (၄၁) ပါးရှိကြောင်း ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment