Pages

Pages

ဆီးရီးယား ခေါင်းဆောင်သစ်က ရွေးကောက်ပွဲကို အနည်းဆုံး နောက် ၄၊ ၅ နှစ်ကြာမှ လုပ်နိုင်မယ်လို့ဆို


ဖေဖော်ဝါရီ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

ဆီးရီးယား၏ အသွင်ကူးပြောင်းရေး သမ္မတ အာမက် အယ်လ်ရှာရာက နိုင်ငံ၏ အခြေခံ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရန်နှင့် လည်ပတ်နိုင်သော နိုင်ငံရေးစနစ် ထူထောင်ရန် လိုအပ်သောကြောင်း ရွေးကောက်ပွဲများကို နောက် ငါးနှစ်အထိ ကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။

တနင်္လာနေ့က  ဆီးရီးယားတီဗီ နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဇယားကို ဆွေးနွေးရာမှာ အယ်လ်ရှာရာက ဖွဲ့စည်းပုံနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးတွေကြောင့် ချက်ခြင်းကြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးလို့ ဆိုလိုက်ပါတယ်။ 

“ကျယ်ပြန့်တဲ့ အခြေခံအဆောက်အဦတွေ လိုအပ်နေတာကြောင့် ရွေးကောက်ပွဲလုပ်ဖို့  လေးနှစ်ကနေ ငါးနှစ်ကြားလောက်ကြာနိုင်ပါတယ်။ ဒီအခြေခံအဆောက်အအုံကို ပြန်လည်ထူထောင်ဖို့က အချိန်လိုပါတယ်” လို့ ဆိုပါတယ်။  အသွင်ကူးပြောင်းရေးအစိုးရသည် ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံတကာစံနှုန်းများကို လိုက်နာမည်ဖြစ်ကြောင်းကိုလည်း ဆိုပါတယ်။ 

ဆီးရီးယားအစိုးရသစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲကာ ပြည်နယ်အဖွဲ့အစည်းများကို ပြန်လည် ဖွဲ့စည်းမယ်လို့လည်း အရင်က ပြောထားတာရှိပါတယ်။ အင်တာဗျူးမှာ အယ်လ်ရှာရာ က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်နှင့် ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ရန်အတွက် ဥပဒေပြုကောင်စီကို ဖွဲ့စည်းရန် နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်းကိုလည်း ပြောပါတယ်။ သမ္မတဟောင်း အာဆက်ကို ဖြုတ်ချတဲ့နေရာမှာ အဓိကလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ HTS ခေါင်းဆောင်များက တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ အခြား လက်နက်ကိုင်အဖွဲ့များကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များထဲသို့ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ပြောထားပေမဲ့ တိကျတဲ့ အချိန်ဇယားကိုမူ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

အနောက်တိုင်း မီဒီယာတွေကတော့ အယ်လ်ရှာရာကို အလယ်အလတ်လမ်းစဉ်သမားလို့ အကြီးအကျယ်ရေးသား ပုံဖော်နေပေမဲ့ သူဦးဆောင်တဲ့ HTS အဖွဲ့က အယ်ကေဒါတွေရဲ့ အဖွဲ့ခွဲ တစ်ခုဖြစ်ပြီး ဂျီဟတ်လမ်းစဉ်ကို လိုက်ခဲ့တဲ့ သူဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှုတွေတော့ ရှိနေပါသေးတယ်။ လက်ရှိလည်း HTS က နိုင်ငံတကာပိတ်ဆို့ အရေးယူမှုအောက်မှာ ရှိနေတုန်းပါပဲ။ 

အမေရိကန်က HTS ကို  အကြမ်းဖက်အမည်စာရင်းမှ ဖယ်ရှားရန် လုပ်ဆောင်နေပြီး တာဝန်ရှိသူများက ဆီးရီးယား၏ ခေါင်းဆောင်အသစ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်း နေပါတယ်။ ဝါရှင်တန်အစိုးရက အယ်လ်ရှာရာကို တရားဝင် အသိအမှတ်မပြုသေးပေမဲ့ ဆီးရီးယား နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး  HTS အရာရှိများနဲ့  တွေ့ဆုံဆွေးနွေးရန်ကိုမူ  ထင်သာမြင်သာလုပ်နေပါတယ်။         


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment