နှစ်စဥ်ကျင်းပမြဲဖြစ်သော( ၁၀၁)ကြိမ်မြောက်ညံရိုးမီး​ပူဇော်ပွဲပြည်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်စဥ်ကျင်းပမြဲဖြစ်သော( ၁၀၁)ကြိမ်မြောက်ညံရိုးမီး​ပူဇော်ပွဲပြည်မြို့၌ ကျင်းပ


ပြည်၊ ဖေဖေါ်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်ဘုရားကြီး၌ (၁၀၁)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ ညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ နှစ်စဥ်တပို့တွဲလပြည့်နေ့၌ ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော်ဘုရားကြီး၌ကျင်းပလာခဲ့သည်မှာ ရှေးယခင် ပျူလူမျိုးများလက်ထက်ကပင် ပြုလုပ်ခဲ့ကြပြီဟုသိရပြီး အဆိုပါညံရိုးပင်ကို ပြည်ဒေသအနီးတဝိုက်ရှိ ရေနှင့်နီးစပ်လျက်ရှိသောကျေးရွာများတွင် ပေါက်ရောက်သော အဆိုပါညံရိုးပင်များကိုအခွံ​ခွါကာနေလှမ်းကြပြီး ရွှေဆံတော်ဘုရားကြီး ​မြောက်ဘက်စောင်းတန်း၌ ဘုရားဖူးပြည်သူများ ကုသိုလ်ပွားများနိုင်ရန် ညံရိုးသည်များရောက်ရှိကာ ရောင်းချပေးကြသည်။ အဆိုပါညံရိုးမီးကို ရွှေဆံတော်စေတီတော်မြတ်ကြီးအနောက်စောင်းတန်းမှ လေးတောင်အုတ်ကန်ထဲသို့ နံနက် ၄ နာရီမှ အမွှေးနံ့သာတုံးများဖြင့် စတင်မီးညှိကာ ညံရိုးပင်များပစ်ထည့်ကာ ညံရိုးမီးစတင်ပူဇော်ကြသည်။

အလွန်အေးသောဆောင်းရာသီကာလမှာ ဗုဒ္ဓမြတ်စွာဘရားအား ညံရိုးမီးဖြင့်အပူဓါတ် အလင်းဓါတ်တို့ဖြင့်ပူဇော်ရခြင်းကြောင့် ဉာဏ်အမြော်အမြင်ကြီးမားခြင်း၊ အသိဉာဏ်ကြွယ်ဝခြင်း၊ ဘဝမှာအစစအရာရာထူးချွန်ထက်မြတ်ခြင်းစသည့် ကုသိုလ်ထူးများရကြသည်ဟု ပြည်သူပြည်သားများက လက်ခံယုံကြည်ကြသည်။

ထို့နောက် ရွှေဆံတော်ဘုရားမြတ်ကြီး ဂေါပကအဖွဲ့နှင့်ဘုရားဝေယျာဝစ္စအဖွဲတို့မှ ဘုရားဖူးလာပြည်သူများအား ထမင်းနဲဖြင့် ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်၌ ဧည့်ခံကျွေးမွေးကြသည်။


ကိုစိုး(ပြည်)

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)