Pages

▼

Pages

▼

၂၀၂၀ ကယ်ပီတယ်သောင်းကျန်းမှုကို တရားစွဲခဲ့တဲ့ ရှေ့နေတွေနဲ့ စုံထောက်တွေကို ထရမ့်က အလုပ်ဖြုတ်ပစ်


ဖေဖော်ဝါရီ - ၁ ( စနေနေ့ ) 

၂၀၂၀ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါနယ်ထရမ့်က သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ရှုးနိမ့်သွားခဲ့ပါတယ်။ အဲ့ဒိတုန်းက ထရမ့်ကို ထောက်ခံတဲ့ သိန်းနဲ့ချီတဲ့ ပရိသတ်တွေက ဝါရှင်တန်ဒီစီမှာရှိတဲ့ လွှတ်တော်ကို တက်သိမ်းတဲ့ သောင်းကျန်းမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ ချီတဲ့ လူတွေအဖမ်းခံရပြီး ရာနဲ့ချီပြီး ထောင်ချခံခဲ့ရပါတယ်။ အဲ့ဒိတုန်းက သောင်းကျန်းခဲ့တဲ့ သူတွေကို ဖမ်းဆီးပြီး အရေးယူခဲ့တဲ့ FBI က အေးဂျင့်တွေ နဲ့ တရားစွဲခဲ့တဲ့ ရှေ့နေတွေကို ထရမ့်က အလုပ်တွေဖြုတ်ပစ်လိုက်ပါတယ်။ 

ယာယီရှေ့နေချုပ် အီမေးလ်ဘိုဗ် အပါအဝင်  အမေရိကန် အစိုးရ ရှေ့နေရုံးမှ ဝန်ထမ်း နှစ်ဒါဇင်ခန့် အလုပ်ဖြုတ် ခံရကြောင်း အမည်မဖော်လိုသူ တစ်ဦးမှ ပြောကြားခဲ့ပြီး မည်သည့်စောဒကတက်ခွင့်မှ မရလိုက်ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် တနင်္လာနေ့က FBI အကြီးတန်းအမှုဆောင် ဒါဇင်ထက်ဝက်ကျော် အငြိမ်းစားယူရန် ဖိအားပေးခံရပြီး အချို့က ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ 


REF - News 18

#MNP #News #International #American

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment