Pages

Pages

မျှော်လင့်ချက်ဆိုတာ ဘဝနဲ့အတူ တွဲပါလာတဲ့ အရာဖြစ်လို့ လက်လွှတ် အဆုံးရှုံးမခံလိုက်ပါနဲ့


ဖေဖော်ဝါရီ - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

“အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ငါတို့တွေ မျှော်လင့်ချက်တွေ ရှင်သန်နေရမယ်။ 

ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ငါတို့တွေနှစ်သိမ့်ပေးဖို့ သတ္တိရှိနေရမယ်။ 

စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ငါတို့တွေ အိပ်မက်မက်ဖို့ သတ္တိရှိနေရမယ်။”

ဒီစကားကိုပြောသွားတာက ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်ဖြစ်ပါတယ်။ လူ ၁၁ ယောက်နေထိုင်တဲ့ အိမ်လေးတစ်လုံးမှာ အိပ်ခန်းက ၂ ခန်းပဲ ရှိပါတယ်။ မိုက်ကယ်က ဖခင်ဖြစ်သူ ဂျိုးဂျက်ဆင်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းအောက်မှာ ကြီးပြင်းလာရတာပါ။ သူငယ်ချင်းအများကြီး မရှိခဲ့ရတဲ့ အကြောင်းအရင်းက အဖေ မကြိုက်လို့ပါ။ မလိုက်နာလို့ကတော့ သူရဲ့ အဖေက ကြာပွတ်နဲ့ ရိုက်ပါတယ်။ ဖခင်ရဲ့ နှိတ်စက်မှုအောက်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဖေဖြစ်သူက ဂီတပညာရှင်ဖြစ်ပေမဲ့ သံမဏိစက်ရုံမှာ အလုပ်လုပ်ခဲ့တာပါ။ ၅နှစ်သားအရွယ်မှာ သီချင်းတွေ ဆိုခွင့်ရခဲ့ပါတယ်။ 

“ကျနော်ကလေ ၊ ဟောဒီကမ္ဘာကြီးက လူတွေကို တစုတစ်စည်းထဲ ရှိနေစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာတွေ ထားရှိပြီး အတူတူသီချင်းတွေ ဆိုနေစေချင်ပါတယ်။ အဲ့ဒါ ကျနော်ငယ်ငယ်လေး ကတည်းက မက်တဲ့ အိပ်မက်ပါပဲ”  လို့ ဆိုပါတယ်။ 

“ကျနော့်က ကျနော့ဘဝရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို လိုက်ရှာတော့ ကျနော့်ရဲ့ အံဆွဲထဲမှာ ရိုးသားခြင်းဆိုတဲ့ အဝတ်စနဲ့ ထုတ်ထားတဲ့ အံ့ဖွယ်အရာကို ရှာတွေ့ခဲ့ပါတယ်” 

“ကျနော့်တို့က အမြင့်ပျံသမားတွေပါ။ ပျံသန်းနိုင်တယ်ဆိုတာကိုလည်း ခင်ဗျားတို့သိပါတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကနေ ကြွတက်သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို နားလည်ဖို့က ပိုအရေးကြီးပါတယ်” 


REF: Wiki

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment