တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်










တာမွေ၊ ဖေဖော်ဝါရီ  ၂၇

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ‌ပေးအပ်သော ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့သည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး ဦးမင်းကိုကိုက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြို့နယ်အတွင်း ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦး လျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ထောက်ပံ့ငွေရရှိသူများကိုယ်စား ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် အိမ်ထောင်စု(၂၈၆)စုရှိပြီး ဝန်ထမ်း(၅၃)ဦးနှင့် ပြည်သူ (၉၂၆)ဦး စုစုပေါင်း (၉၇၉)ဦးရှိကြောင်း၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် ၂၀၂၅-ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က နေရပ်စွန့်ခွာပြည်သူ(၄၉၀)ဦးကိုလည်းကောင်း၊ ယနေ့ ဒုတိယအကြိမ်အဖြစ် နေရပ်စွန့်ခွာပြည်သူ (၄၈၉)ဦးကိုလည်းကောင်း လက်ဝယ်အရောက် ထောက်ပံ့ ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့် ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ပြည်သူများကိုလည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)