Pages

Pages

လူငယ်ဆိုတာ အနာဂတ်ကမ္ဘာရဲ့ ဗိသုကာပညာရှင်တွေပါ


ဖေဖော်ဝါရီ - ၃ ( တနင်္လာနေ့ ) 

လူသားတွေက ကိုယ်ကိုယ်တိုင် ကိုယ့်ကံကြမ္မာရဲ့ ဗိသုကာပညာရှင်ပါ။ လူက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ လူသားမှာ လူသားဆန်တဲ့ စိတ်နေစိတ်ထား၊ ကျင့်ဝတ်နဲ့ လုပ်ရပ်တွေ လိုအပ်ပါတယ်။ ကောင်းတာကို လုပ်ရင် ကောင်းတာဖြစ်မယ်ဆိုပေမဲ့ အဲ့ဒိလုပ်ရပ်က ဆင်ခြင်တုံ့တရားမဲ့နေရင် မနှစ်မြို့ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သွားပါတယ်။ ပြီးတော့ ရလဒ်အဆိုးတွေကို ဖြစ်လာစေပါတယ်။ 

လူငယ်တွေက အနာဂတ်အတွက် ဘာကြောင့်အရေးကြီးတာလဲ ။ 

လူငယ်တွေ သိထားရမှာက လူ့ကမ္ဘာကြီးက အမြဲလို ရန်သူမျိုး ၅ ပါးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာပါပဲ။ စိန်ခေါ်မှုအသစ်တွေက သူတို့ကိုစောင့်မျှော်နေတာဖြစ်လို့ အနာဂတ်အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့အတွက် မူဝါဒအသစ်များ ရေးသားခြင်းလို လုပ်ငန်းဆောင်တာတွေက အမြဲလိုအပ်နေပါတယ်။ ကိုယ်နေထိုင်ရာ နိုင်ငံကို ကြီးကျယ်မြင့်မြတ်လာစေဖို့ လုပ်ဆောင်ရမယ်၊ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေထိုင်ရန်နေရာ တစ်ခု ဖြစ်အောင် ဖန်တီးပေးရမှာပဲ ဖြစ်ပါတယ်။  ဒီကနေ့စံနှုန်းများအရ ဆိုရင် လူငယ်တွေက အသက်ကြီးသူများထက် လေးနက်သော ဆွေးနွေးမှုများနှင့် အကြောင်းအရာများတွင် ပို၍ပင်ပါဝင်နေဖို့ လိုအပ်ပါတယ်။ 

လူငယ်များက မနက်ဖြန်ကမ္ဘာရဲ့ ဗိသုကာဆရာများဖြစ်ပါတယ်။”

"အိပ်မက်များသည် လူငယ်လျှောက်မယ့်ခရီးလမ်းကို ခွန်အားဖြစ်စေသော လောင်စာတွေပဲ ဖြစ်ပါတယ်"

"လူငယ်တိုင်းရဲ့ နှလုံးသားထဲမှာ ကြီးကျယ်ခမ်းနားတဲ့ အလားအလာတွေ ရှိကိုရှိနေရပါမယ် "

“လူငယ်ဆိုတာ အဆင့်တစ်ခုမဟုတ်ပါဘူး။ ဖြစ်စဉ်တစ်ခုပါ။ အဲ့ဒိမှာ အပြောင်းအလဲတွေ၊ တော်လှန်ရေးတွေ၊ ဆင့်ကဲဖြစ်စဉ်တွေ ပါနေပါတယ်”  

"လူငယ်ဆိုတာ အနာဂတ်ဆိုတဲ့ နယ်နိမိတ်ကိုကျော်လွန်ပြီး အိပ်မက်မက်ဝံ့သူတွေသာဖြစ်ပါတယ်"

ကျွန်ုပ်တို့က ကျွန်ုပ်တို့ကိုယ်ပိုင်ဘဝရဲ့ ဗိသုကာပညာရှင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ချမှတ်ထားသော ပန်းတိုင်တိုင်းနှင့် ကျွန်ုပ်တို့ရွေးချယ်မှုတိုင်းတွင် ကျွန်ုပ်တို့တည်ဆောက်လိုသော ကျွန်ုပ်တို့အိပ်မက်ဘဝရဲ့ အခြေခံမျဉ်းတွေကို အစီအစဉ်အတိုင်း အနှစ်သာရအဓိပ္ပါယ်ရှိရှိ ရေးဆွဲထားဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ ချမှတ်ထားသော ပန်းတိုင်များကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပြီး ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိပ်မက်ဘဝ၏ တံတိုင်းများကို ခိုင်ခံအောင် တည်ဆောက်နေရပါတယ်။ အဲ့ ဒါလူငယ်တွေပဲဖြစ်ပါတယ်။ 

လူငယ်ဆိုတာ သဘာဝကပေးထားတဲ့ လက်ဆောင်ဖြစ်ပြီး သဘာဝက ထုဆစ်ပေးထားတဲ့ အလှပဆုံး အနုလက်ရာ တစ်ခုဖြစ်ပါတယ်။ အချို့လူငယ်တွေရဲ့ ငယ်စဉ်ဘဝက နာကျင်ရပေမယ့် အဲ့ဒါက သူတို့ကို ရင့်ကျက်တဲ့ အနှစ်သာရ တွေကို ပေးခဲ့ပါတယ် ။ အနာဂတ်ဘဝကို တန်းဖိုးမြင့်လူသားတစ်ယောက်အနေနဲ့ ဖြတ်သန်းဖို့အတွက် အခြေအနေလှလှလေးတွေကို ကျန်ရစ်စေပါတယ်။ ဘာကိုမှ အလေးမထားဘဲ ပြုံးပျော်ရွင်စွာ ဖြတ်သန်းခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်က သူထုဆစ်ခဲ့တဲ့အတိုင်းပဲ ပေါ်လာမှာပါ လိုပဲ ဆိုလိုက်ပါရစေ . . .။


မောင်ယဿ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment