Pages

Pages

အိန္ဒိယသားတွေက အချစ်ကို မခံစားတတ်ဆုံးထဲမှာပါ

 



ဖေဖော်ဝါရီ - ၁၅ ( စနေနေ့ ) 

၂၀၂၅ ဗလင်တိုင်းဒေးနေ့ကို ရည်စူးပြီး သုတေသနအဖွဲ့တစ်ဖွဲ့က နိုင်ငံ ၃၀ ကို စစ်တမ်းတစ်ခုလုပ်ခဲ့ရာမှာ အချစ်ကို မခံစားတတ်ဆုံး လူမျိုးတွေထဲမှာ အိန္ဒိယသားတွေလည်းပါတယ် လို့ သိရပါတယ်။ 

နိုင်ငံပေါင်း ၃၀ တွင် ကောက်ယူပြီး ချစ်သူများနေ့ မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအသစ်တွင် အိန္ဒိယလူမျိုးများသည် ၎င်းတို့၏ အချစ်ရေးအပေါ် စိတ်ကျေနပ်မှု အနည်းဆုံးသူများထဲတွင် ပါဝင်ကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။ 

'Love Life Satisfaction 2025' (ချစ်ခြင်းဘဝကျေနပ်မှု၂၀၂၅ ) စစ်တမ်းရလဒ်များကတော့ ကိုလံဘီယာ (၈၂ ရာခိုင်နှုန်း)၊ ထိုင်း (၈၁ ရာခိုင်နှုန်း)၊ မက္ကဆီကို (၈၁ ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား (၈၁ ရာခိုင်နှုန်း) နှင့် မလေးရှား (၇၉ ရာခိုင်နှုန်း) က ဦးဆောင်ပါတယ်။ အိန္ဒိယက ၆၃ ရာခိုင်နှုန်း၊ တောင်ကိုရီးယားက ၅၉ ရာခိုင်နှုန်းနဲ့ ဂျပန်က ၅၆ ရာခိုင်နှုန်းနဲ့ အဲ့ဒိနောက်ကလိုက်နေပါတယ်။  

နိုင်ငံပေါင်း ၃၀ မှ အရွယ်ရောက်ပြီးသူ ၂၃၇၆၅  ကို IPSOS ကုမ္ပဏီက စစ်တမ်းကောက်ယူခဲ့တာပါ။ ချစ်ခြင်းကို ကောင်းကောင်း မခံစားတတ်ရတဲ့ အကြောင်းအရင်းတွေထဲမျာ လူများတဲ့ မိသားစုနဲ့တွဲနေထိုင်ခြင်း၊ မိသားစုတာဝန်များ၊ အလုပ်ဖိအားများ၊ အသက်မွေးတမ်းကျောင်းမှုဆိုင်ရာ နဲ့ လူမှုရေး ဖိအားတွေကြောင့် အချစ်ရေး၊ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု နဲ့ ရင်းနှီးမှုတွေ နည်းသွားရတာလို့ ဆိုပါတယ်။ အိန္ဒိယမှာကတော့ သူတို့ရဲ့ အချစ်ရေး နဲ့ လိင်မှုကိစ္စကို ကျေနပ်တဲ့စုံတွဲ က စုစုပေါင်းရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ 


REF: The tribune

#News #MNP #International

https://t.me/MyanmarNationalPost

No comments:

Post a Comment