Pages

Pages

အသက် ၁၀၄ နှစ် အဘွားအိုက သူမရဲ့မွေးနေ့ကို ထောင်ထဲမှာ သွားကျင်းပ




ဖေဖော်ဝါရီ - ၁၄ ( သောကြာနေ့ ) 

အမေရိကန်နိုင်ငံ လစ်ဗင်စတန်မြို့က လိုရက်တာ ဆိုတဲ့ အဘွားအိုက သူမရဲ့မွေးနေ့ကို အကျဉ်းထောင်ထဲသွားပြီး လုပ်ချင်ကြောင်းပြောလို့ သူနာပြုတွေက သူမကို လစ်ဗင်စတန်အကျဉ်းထောင်ထဲကို ခေါ်သွားပြီး ဟတ်ပီးဘက်ဒေး လုပ်ခဲ့ကြရပါတယ်။ 

လိုရက်တာ အခုလုပ်တဲ့မွေးနေ့က ၁၀၄ နှစ်ပြည့်မွေးနေ့ပါ။ အာဗွန်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဌာနက သူနာပြုတွေက သူမကို မွေးနေ့မှာ ဘာလုပ်ချင်သလဲလို့ မေးရာကနေ အခုလိုဇာတ်လမ်းဖြစ်သွားတာပါ။ အဘွားအို ငယ်ငယ်က ရဲဌာနမှာ အလုပ်လုပ်ခဲ့တာပါ။ မြို့တော်ရဲတပ်ဖွဲ့ကလည်း အဘွားအိုရဲ့တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပါတယ်။ သူမ ထောင်ထဲကို မရောက်ခင် ကိတ်မုန့်တွေ၊ ကော်ဖီတွေနဲ့ အကျဉ်းသားတွေကို ဧည့်ခံခဲ့ပါတယ်။ အဘွားအိုကိုတော့ လုံခြုံစိတ်ချရတဲ့ အခန်းတွေဆီကိုပဲ ခေါ်သွားကြပါတယ်။ သူမက အကျဉ်းထောင်ရဲတွေကို အသက်ရှည်ရှည် နေချင်ရင်တော့ ကိုယ့်တာဝန်ကို ကိုယ်ဂရုစိုက်ပြီး လုပ်ကြလို့ မှာသွားပါတယ်။ ပြီးတော့ ထောင်မှတ်တမ်းမှာ ကျမတို့တွေ ထောင်တွေကိုလည်ပတ်ဖို့အတွက် အခွင့်အရေး ရှိပါတယ် လို့ရေးသွားခဲ့ပါတယ်။ 

"သူမရဲ့မွေးနေ့ဆုတောင်းတွေပြည့်စုံသွားတဲ့အတွက်အရမ်းဝမ်းသာပါတယ်"လို့ တာဝန်ရှိသူများကရေးသားခဲ့ ပါတယ်။ "ဒီကနေ့ရယ်မောမှုတွေနဲ့ အရမ်းကောင်းတဲ့ အားကစားတစ်ခု ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့လည်း သူမက ပြောခဲ့ပါတယ်။ 


REF - UPI

#News #MNP  #International

https://t.me/MyanmarNationalPost

No comments:

Post a Comment