Pages

Pages

ချမ်းမြသာစည်မြို့နယ်တွင် အများပြည်သူအသုံးပြုရန် လမ်းမြေလှူဒါန်းခြင်းနှင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ


ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် အများပြည်သူအသုံးပြုရန် မန္တလေးရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လီမိတက်မှ လမ်းမြေလှူဒါန်းခြင်းနှင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ လမ်း ၇၀၊ ၁၀၁လမ်း (သိပ္ပံလမ်း)နှင့်၁၀၁လမ်း (Bလမ်း) ကြားတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကောင်စစ် ဝန်ချုပ် Ms. Gao Ping၊ New Starlight Group of Companies မှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် New Starlight Group of Companies မှ ဥက္ကဋ္ဌတို့က နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လမ်းတစ်လျှောက်ကြည့်ရှုကာ တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက မှတ်တမ်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်း ပေးကြသည်။

၎င်းနောက် အခမ်းအနားကို Mingalar City Commercial Complex တွင် အစီအစဉ်တိုင်း ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် ယနေ့ကျင်းပသည့်အခမ်းအနား မှာ New Starlight Group of Compaines ၏ ကုမ္ပဏီတစ်ခုဖြစ်သော မန္တလေးရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လီမိတက်(MIDG)မှ ဖော်ဆောင်နေသည့် Mingalar City Commercial Complex စီမံကိန်းမှ အများပြည်သူသွားလာရေး လွယ်ကူအဆင်ပြေချောမွေ့စေရန်၊ မြို့ပြအင်္ဂါရပ်နှင့်အညီ လှပတင့်တယ်မှုရှိစေရန်အတွက် CSR လုပ်ငန်းအဖြစ်ဆောင်ရွက်ခြင်းဖြစ်ပြီး အကျယ် ၃၀ ပေ နှင့် အရှည် ၅၇၄ ပေရှိ လမ်းမြေအား လှူဒါန်းခြင်း၊ အကျယ် ၄၀ ပေ နှင့် အရှည် ၆၂၀ ပေအား နိုင်လွန်ကတ္တရာခင်းခြင်း၊  လမ်းခင်းခြင်း ဆက်စပ်လုပ်ငန်းများနှင့် အလှသစ်ပင်ပန်းမန် စိုက်ပျိုးခြင်းလုပ်ငန်းများအား စုစုပေါင်းငွေကျပ် ၃၉၉.၄၁ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment