Pages

Pages

ဘိုကလေးမြို့မှ အကြမ်းဖက်လှုံ့ဆော်သူများ ဖမ်းဆီးထိန်းသိမ်း အရေးယူ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Wai Mar Lwin" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ တိုးတိုးအေး၊ “Tint Naung Mg" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ် (၄)ရပ်ကွက်နေ တင့်နောင်၊ "May Tha Zin Oo" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ်(၉) ရပ်ကွက်နေ မေသဇင်တို့ ၃ ဦးအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဘိုကလေးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment