Pages

Pages

နှစ်တစ်ထောင်စိန်နဲ့ လက်စွပ်ကို ချစ်သူများနေ့အတွက် လက်ဆောင်ပေးမလားတဲ့




ဖေဖော်ဝါရီ - ၁၃ ( ကြာသပတေးနေ့ ) 

Tanishq Soulmate စိန်ကုမ္ပဏီက သူတို့မှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သဘာဝစိန်နဲ့လုပ်ထားတဲ့ လက်စွပ် ၂ကွင်း ရှိတယ်တဲ့။ ချစ်သူများနေ့အတွက် လက်ဆောင်ပေးချင်ရင် ရောင်းပေးမယ်တဲ့။ နှစ်တစ်ထောင် သက်တမ်း ဆိုတာ ထာဝရခိုင်မြဲခြင်းလို့ အဓိပ္ပာယ်ရတယ်လေတဲ့။ 

ချစ်သူနဲ့ မခွဲတမ်း လက်တွဲချင်သူတွေ၊ နောင်ဘဝပါ ပေါင်းရပါစေဆိုပြီ ဆုတောင်းချင်တဲ့ သူတွေ အတွက် လုပ်ထားတာလို့ ညွှန်းထားပါလေရဲ့။ ၂ကွင်းပေါင်းကို ဒေါ်လာ ၁၉၀၀ လောက်ကျပါမယ်။ ကုမ္ပဏီကတော့ ချစ်သူ့လက်ဆောင်ဆိုပြီး အဲ့ဒိလက်စွပ်တွေကို နာမည်ပေးထားတယ်။ ဘာနဲ့မှ ခွဲမရအောင် တွဲနေစေရမယ့် အချစ်သင်္ကေတပါဆိုပြီး ကြော်ငြာကို တင်ထားပါတယ်။ 


REF - Tanishq

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment