စလင်း၊ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ် တပိုတွဲလဆန်း(၄)ရက်၂၀၂၅ ခုနှစ် ယနေ့နံနက်ပိုင်းမှစတင်ကာ နေ့လယ်(၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင် ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင် လူပြည်သူများအား ဖေဖော်ဝါရီလ ပထမပတ်အဖြစ် ဆေးကုသပေးလျက်ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းအားဆရာတော် (ဦးပညာသီရီ)မှဦးဆောင်ကြီးကြပ်မှုဖြင့် အပတ်စဥ်စနေနေ့တိုင်း (အခမဲ့)စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူ စေတနာရှင် (၃၀)ဦးတို့မှစုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင် ပြည်သူများအား ဖေဖော်ဝါရီလပထမပတ် (စမ်းသပ်စစ်ဆေး၍) ဆေးကုသခြင်းကို မေတ္တာများဖြင့် (အခမဲ့)စမ်းသပ်စစ်ဆေးဆေး ကုသပေးခြင်း စားဆေးသောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်(၂၃၀)ကျော်အား စမ်းသပ်စစ်ဆေးဆေးကုသခြင်းကို ဖေဖော်ဝါရီလပထမပတ်အဖြစ် အခမဲ့ဆေးကုသပေးလျက်ရှိပြီး ကုန်သွယ်တူးမြောင်းအုပ်စု ကုမ္မဏီလီမိတက်ရန်ကုန်မြို့မှ အဟာရဒါနအဖြစ် တတိယအကြိမ်မြောက် ကျွေးမွေးလှူဒါန်းကြောင်း ဒို့မေတ္တာအခမဲ့ ဆေးခန်းမှ သိရသည်။
မောင်လွင် (စလင်း)
#MNP #News
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment