Pages

Pages

အနောက်စစ်အုပ်စုနဲ့ ရုရှား ကြားမှာ ယူကရိန်းက ကြားခံဇုံဖြစ်သွားမှာပါ



ဖေဖော်ဝါရီ - ၂၃ ( တနင်္ဂနွေနေ့ ) 

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်း - ရှရှား ပဋိက္ခပြီးဆုံးသွားခဲ့ရင် ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံ မဖြစ်နိုင်တဲ့ အပြင် အမေရိကန်ဦးဆောင်တဲ့ အနောက်စစ်အုပ်စု နေတိုးနဲ့ ရုရှားတို့ကြားထဲက ကြားခံဇုံတစ်ခုဖြစ်သွားပြီး စစ်လက်နက်နဲ့ နည်းဗျူဟာ အားစမ်းရာဒေသ တစ်ခုဖြစ်သွားမှာပါလို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် က ပြောသွားပါတယ်။ 

၂၀၂၂ ဖေဖော်ဝါရီလ ရုရှား - ယူကရိန်း စစ်စတင်ဖြစ်ပွားကတည်းက အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်နဲ့ စစ်ရေးအကူအညီတွေ အဆက်မပြတ်ပို့ပေးနေတာနဲ့ ပတ်သက်ပြီး ဗစ်တာအော်ဘန် စဉ်ဆက်မပြတ် ဝေဖန်ခဲ့ပါတယ်။ ရုရှားကို စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့တာတွေကိုလည်း ဖျက်သိမ်းပေးဖို့ နဲ့  မော်စကိုအစိုးရ နဲ့ သံတမန်ရေးရာ စကားပြောဖို့အတွက်ကိုလည်း ဆက်တိုက်ပြောနေခဲ့ပါတယ်။ 

မနေ့က မြို့တော်ဘူဒါပတ်တွင် နိုင်ငံတော်နှစ်ပတ်လည်မိန့်ခွန်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်က “ပဋိပက္ခ အဆုံးသက်သွားမည်ဆိုရင် နေတိုးထိန်းချုပ်မှုအောက်ရှိ နေတိုးနှင့် ရုရှားကြား ကြားခံနယ်မြေဖြစ်သွားမှာပါ။ အဲ့လိုဖြစ်သွားအောင် ယူကရိန်းက လုပ်နေတာပါ။ နေတိုးအဖွဲ့ဝင်တော့ ဖြစ်လာမှာ မဟုတ်ဘူး ” လို့ပြောသွားပါတယ်။  

“လက်ရှိက အမေရိကားနဲ့ ဥရောပမှာရှိတဲ့ လစ်ဘရယ်တွေက ဘာကြောင့် ရုရှား ဘက်ကိုရောက်သွားတာလဲ ဆိုတာကို တွေးမရဘူး ဖြစ်နေတယ်။ သူတို့က ရုရှားဘက်ကနေလျှို့ဝှက် ရပ်တည်နေကြတယ်၊ ယူကရိန်းရဲ့စမ်းသက်ချက်က မအောင်မြင်နိုင်ပါဘူး” လို့ ဆိုသွားပါတယ်။ 

“ အီးယူခေါင်းဆောင်တွေက သူတို့စိတ်ကူးထားသည့်အတိုင်း ဒီစစ်ပွဲကို အောင်နိုင်မည် မဟုတ်ကြောင်း အသိအမှတ်ပြုဖို့  မငြင်းနိုင်ပါဘူး။ သူတို့က ကိုယ်တိုင်ဖန်တီးထားသော ပူဖောင်းအတွင်း နေထိုင်နေကြပါတယ်။ ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုတွေက ရုရှားကို နစ်နာစေမယ့်အစား ဥရောပကို အားနည်းသွားစေခဲ့ပါတယ်။ ယူကရိန်းရဲ့ ရှုံးနိမ့်မှုက ဖြစ်နိုင်ချေ ပိုများလာနေပါတယ်”  လို့ ဟန်ဂေရီ ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။


REF - RT

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment