Pages

Pages

ဧရာဝတီတိုင်းတွင် အခြေခံပညာကျောင်းတက်နေသည့် ကလေး ၂ ဦးကို စစ်မှုထမ်းရန် အကြောင်းကြားခံရကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ကျေးရွာမှ အခြေခံပညာကျောင်းတက် နေသည့် ကလေး ၂ ဦးကို စစ်မှုထမ်းဆောင်ရန် အကြောင်းကြားခံရကြောင်းနှင့် စာသင်ကျောင်းများတွင် အသက် ၁၈ နှစ်ပြည့်ရန် လပိုင်းလိုသေးသည့် ကျောင်းသားစာရင်းများပါ ကောက်ယူနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင်လည်း စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသား၊ အမျိုးသမီး၊ ကျွမ်းကျင်သူ အမျိုးသား၊ ကျွမ်းကျင်သူ အမျိုးသမီးများ၏ အသက်အပိုင်းအခြားများကို ဖော်ပြပါရှိပြီးဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment