Pages

Pages

လင်းနို့ကနေ လူကိုကူးနိုင်တဲ့ ကိုဗစ်-၁၉ လို ဗိုင်းရပ်စ် တစ်မျိုးတွေ့



ဖေဖော်ဝါရီ - ၂၂ ( စနေနေ့ ) 

ဗိုင်းရပ်စ်ဗေဒပညာရှင် ရှီကျန်းလီ ဦးဆောင်တဲ့ တရုတ်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့သည် ကိုဗစ်-၁၉ လင်းနို့လို့ တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းအန္တရာယ်ကို သယ်ဆောင်ပေးနိုင်တဲ့ ဗိုင်းရပ်စ် အသစ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိလေ့လာမှုကို ဝူဟန်ဗိုင်းရက်စ်လေ့လာရေးဌာနမှာ သုတေသန လုပ်ခဲ့ကြတာပါ။ 

ဗိုင်းရပ်စ်ပညာရှင် ရှီသည် ကိုဗစ်၏ဇစ်မြစ်အကြောင်း အငြင်းပွားမှု၏ ဗဟိုနေရာဖြစ်တဲ့ ဝူဟန် အင်စတီကျုတွင် အလုပ်လုပ်နေပြီး လင်းနို့အမျိုးသမီးလို့ လူသိများပါတယ်။ သူမက မြို့တော်ရှိ ဓာတ်ခွဲခန်းယိုစိမ့်မှုမှ ကိုဗစ်ပိုး ထွက်လာတာဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီ ကို အကြံပြုထားတဲ့ သူလည်းဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်၏ဇာစ်မြစ်နှင့် ပတ်သက်၍ သဘောတူညီမှု မရသေးသော်လည်း အချို့သောလေ့လာမှုများက ၎င်းသည် လင်းနို့များမှအစပြုပြီး ကြားခံအကောင်တွေကတစ်ဆင့် လူတို့ထံ ခုန်ကူးသွားကြောင်း အကြံပြုထားတာပါ။ ရှီသည် အဆိုပါရောဂါဖြစ်ပွားမှုအတွက် အပြစ်တင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ 

နောက်ဆုံးတွေ့ရှိမှုမှာ ဟောင်ကောင်ရှိ ဂျပန်ပိုက်စထရဲလ်လင်းနို့တွင် ပထမဆုံးတွေ့ရှိခဲ့သည့် HKU5 ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးသစ်ဖြစ်ပြီး ဗိုင်းရပ်စ်အသစ်သည် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Mers) ကိုဖြစ်စေသော ဗိုင်းရပ်စ်မှာ ပါဝင်တဲ့ merbecovirus အမျိုးအစားခွဲမှ ဆင်းသက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်သည် Covid-19 ကိုဖြစ်စေသည့် Sars-CoV-2 ဗိုင်းရပ်စ်မှ အသုံးပြုသည့် တူညီသော receptor ဖြစ်သည့် human angiotensin converting enzyme (ACE2) နှင့် ချိတ်ဆက်နိုင်ပြီး Covid-19 ကိုဖြစ်စေသော ဆဲလ်များကို ကူးစက်စေပါတယ်လို့ ဆိုထားပါတယ်။ 


REF - South China Morning Post

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment