ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ )
အမေရိကန်နိုင်ငံမှာ အထောက်အထားမရှိ တရားမဝင်နေထိုင်တဲ့ အိန္ဒိယသားတွေကို စစ်လေယာဉ်တွေနဲ့ပြန်ပို့တဲ့ ဓာတ်ပုံတွေကို အမေရိကန်နယ်စပ် ကင်းလှည့်အဖွဲ့ခေါင်းဆောင် မိုက်ကယ်ဝက်စ်ဘန့်ခ်က သူ့ရဲ့X ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကို ပို့နေချိန်မှာ အိန္ဒိယသားတွေကို လက်ထိပ်ခတ်ကာ သံခြေကျင်းကို ကြိုးနဲ့တွဲပြီး ပို့နေတဲ့ပုံပါ။
ပြီးတော့ ပုံအောက်မှာ “အမေရိကန်နယ်ခြားစောင့်တပ်နဲ့ မဟာမိတ်တွေက တရားမဝင်နေထိုင်နေတဲ့ အိန္ဒိယကလာတဲ့ ဂြိုဟ်သားတွေကို အောင်မြင်စွာနဲ့ ပြန်ပို့နိုင်ပါပြီ။ စစ်သုံးလေယာဉ်တွေနဲ့ အမြန်ဆုံး ပြန်ပို့လိုက်ပါပြီ။ ခင်ဗျားတို့ကျုပ်တို့နိုင်ငံကို တရားမဝင်လာရောက်နေ လို့ကတော့ ကျုပ်တို့က ပြန်ပို့မှာ”လို့ ရေးတင်ခဲ့ပါတယ်။
အဲ့ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာက လက်ထိပ်ခတ်တာကို ကလေးတွေနဲ့ အမျိုးသမီးတွေကို မလုပ်ဖို့အတွက် အမေရိကန်အာဏာပိုင်တွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။ အမေရိကန်က ပထမအသုတ်အနေနဲ့ အိန္ဒိယသား ၁၀၄ ယောက်ကိုပြန်ပို့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဆိုရှယ်မီဒီယာတွေမှာတော့ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ပွတ်လောရိုက်နေပါတယ်။
REF - NDTV
#MNP #News #International
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment