Pages

Pages

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ် လူစာရင်းထုတ်ပြန်

 



နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြိုရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ် မြန်မာ့လက်ရွေးစင် အမျိုးသမီးကစားသမား (၂၃)ဦး၏ စာရင်းကို နည်းပြချုပ် ယုကီတက်ဆုရိုက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄)အုပ်စု ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၇) ရက်တွင် လက်ဘနွန်၊  ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအ သင်းတိုနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ (၂၆) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး အပြီးသတ်လူစာရင်းတွင် ဝါရင့်ကစားသမားများပါဝင်သလို မျက်နှာသစ်လူငယ်များကိုလည်း ရွေးချယ်ထားသည်။


#News #MNP #Sport

https://t.me/MyanmarNationalPost

No comments:

Post a Comment