Pages

Pages

ဘီလ်ဂိတ်တစ်ယောက် စန်းပွင့်ပြီးကတည်းက ပျော်နေတယ်လို့ဆို


ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ ) 

ကမ္ဘာကျော်ဘောစိကြီး မိုက်ခရိုဆော့ကုမ္ပဏိပိုင်ရှင် ဘီလ်ဂိတ်တစ်ယောက် ဆော်လေးအသစ်ရလို့ ဗဲရီးဟတ်ပီး ဖြစ်နေတယ်တဲ့။  ဘီလ်ဂိတ်က ဆော်လေးအသစ်တစ်ယောက်ရနေတယ်။ သူမက ပေါ်လာဟဒ်လို့ ခေါ်တယ်။ ပြီးတော့ သူတို့တွေ ဒိတ်ပြီး သွားပြီ ဆိုပြီး အင်တာဗျူးမှာ ရှင်းသွားပါတယ်။ “ကျနော့်အတွက်ကတော့ ပေါ်လာ က သည်းသည်းသန်သန်ပါပဲ။ ကျနော်တို ၂ယောက် ဒိတ်ပြီးတော့ အိုလံပစ်ပွဲကိုသွားတယ်။ ကျနော့်ဘေးမှာ သူရှိနေတာကိုက မျက်နှာပိုးသတ်မရအောင် ပျော်နေမိတယ်ဗျာ” လို့ဆိုသွားပါတယ်။ 

ဘီလ်ဂိတ် ( ၆၉ နှစ်) က ၂၀၂၁ခုနှစ်တုန်းက ဇနီးဖြစ်သူ မီလင်ဒါနဲ့ ကွာရှင်းခဲ့ပါတယ်။ ၂၀၂၄မှာ ပေါ်လာဟဒ် (၆၂ နှစ် ) တွဲဖြစ်ပါတယ်။ သူတို့ တရားဝင်တွဲနေတဲ့အကြောင်းကို ၂၀၂၄ ဧပြီလမှာ ပွဲတစ်ပွဲတက်ပြီး ပြခဲ့ပါတယ်။ ပေါ်လာက အော်ရီကယ်ဘောစိ မာက်ခ်ဟဒ်ရဲ့ ဇနီးပါ။ သူတို့က နှစ်၃၀ ကျော်တွဲခဲ့ကြပြီး ၂၀၁၉ မှာ မာက်ဟဒ် ကွယ်လွန်ပြီး မုဆိုးမဘဝနဲ့ သမီး ၂ယောက်ကို ကြည့်ရှုစောင့်ရှောက်နေခဲ့တာပါ။ သူမက ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိသမားတစ်ယောက်ပါ။ ဘီလ်ဂိတ်နဲ့က ၂၀၂၃ ဖေဖော်ဝါရီလတုန်းက ပရဟိတပွဲ တစ်ပွဲမှာ စတွေ့ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် မြင်မြင်ချင်းကို သဘောတွေကျသွားခဲ့တာပါ။ ၂၀၂၃ နှစ်လယ်လောက်မှာ ပေါ်လာရဲ့ လက်မှာ စေ့စပ်လက်စွပ်တစ်ကွင်း ဝတ်ထားတာကို မြင်တွေ့ခဲ့ကြပြီး ၂၀၂၄ ထဲမှာ လက်ထပ်ခဲ့ကြပါတယ်။ ပြီးတော့ ဟန်းနီမွန်း အဖြစ်နဲ့ ဘီလ်ဂိတ်ရဲ့ သမီး၊ သားမတ်နဲ့ အတူ ပါရီအိုလံပစ်ပွဲ ကို သွားခဲ့ကြပါတယ်။ 


REF - money control

#News #MNP #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment