ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားရှိ စစ်တောင်းတံတားအသစ်(မုပ္ပလင်)၌ ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ထက်လွင်ဖြိုး(၃၆)နှစ် မောင်းနှင်လာသည့် MDY-18 9G/xxxx HONDA FIT အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် ထက်လွင်ဖြိုးအား ညောင်ခါးရှည်နယ်မြေရဲစခန်း(ပ)၂၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)