Pages

Pages

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂိုဏ်းလုံးဆိုင်ရာ မဟာနာယက ပူဇော်ပွဲနှင့် သန္နိပါတသံဃာ့အစည်းအဝေးပွဲကြီး ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ







ပုသိမ်၊ ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂိုဏ်းလုံးဆိုင်ရာ မဟာနာယကပူဇော်ပွဲနှင့် သန္နိပါတသံဃာ့အစည်းအဝေးပွဲကြီး” ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊  မိဂဒါဝုန်ကျောင်းတိုက်၊ သန္တိသုခ အတုလဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာပိုင်ဆရာတော် ဘုရားကြီးများ၊  ဂဏဥသျှောင် ဆရာတော်ဘုရားကြီးများနှင့် ဝန်ဆောင်ဆရာတော်ဘုရားကြီးများ ကြွရောက်တော်မူခဲ့ကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်များက တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဦးစွာ သာသနာပိုင်ဆရာတော်ဘုရားကြီးများ၊  ဂဏဥသျှောင်ဆရာတော်ဘုရားကြီးများ၊ ဝန်ဆောင် ဆရာတော် ဘုရားကြီးများနှင့် ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မဟာဒွါရနိကာယဂိုဏ်း သောဠသမသာသနာပိုင် သံဃရာဇ ဂဏာဓိပတိ ဓမ္မသေနာပတိ မဟာနာယကဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊  ဘုရားငါးဆူကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝရသာမိထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်ခဲ့ကြပြီး မဟာနာယက ဆရာတော်ဘုရားကြီး ဦးဆောင်သော ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မဟာနာယက ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူ မြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများအား တာဝန်ရှိသူများထံသို့ အလှူငွေများ ဆက်လက်လှူဒါန်းခဲ့သည်။ ယင်းနောက် မဟာဒွါရဂိုဏ်းကြီး၏ ဒုတိယသာသနာပိုင် မဟာနာယက ဓမ္မသေနာပတိ ဟင်္သာတမြို့၊ လယ်တီကျောင်းတိုက် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တပဉာဝန္တထံမှ သမ္မောဒနီယတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ သာသနာပိုင်ဆရာတော်ဘုရားကြီးများ၊  ဂဏဥသျှောင်ဆရာတော်ဘုရားကြီးများနှင့် ဝန်ဆောင်ဆရာတော်ဘုရားကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တတိယသာသနာပိုင် ပထမမိဂဒါဝုန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုမန၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂိုဏ်းလုံးဆိုင်ရာ မဟာနာယကပူဇော်ပွဲနှင့် သန္နိပါတသံဃာ့အစည်းအဝေးပွဲ အခမ်းအနားသို့ ကြွရောက်တော်မူ ကြကုန်သော ဆရာတော်၊ သံဃာတော်များမှ သန္နိပါတသံဃာ့အစည်းအဝေးပွဲအား ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လှမင်းထွဋ်

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment