Pages

Pages

အမျိုးသမီးများအတွက် ကင်ဆာကာကွယ်ဆေးကို ငါးလမှ ခြောက်လအတွင်း ရရှိနိုင်မယ်လို့ အိန္ဒိယဆို



ဖေဖော်ဝါရီ - ၁၉ ( ဗုဒ္ဓဟူးနေ့ ) 

အမျိုးသမီးများကို ထိခိုက်စေသော ကင်ဆာရောဂါများကို တိုက်ဖျက်သည့် ကာကွယ်ဆေးကို ငါးလမှ ခြောက်လအတွင်း ရနိုင်မည်ဖြစ်ပြီး အသက် ကိုးနှစ်မှ ၁၆ နှစ်ကြား ကလေးများ ကာကွယ်ဆေး ထိုးနှံနိုင်မည်ဖြစ်ကြောင်း အိန္ဒိနိုင်ငံ ကျန်းမာရေး ပြည်ထောင်စု ဝန်ကြီး ပရာတပ်ရာအူး ဂျေဟဗ် က ပြောလိုက်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေး၊ မိသားစု လူမှုဖူလုံရေးနှင့် ပြည်ထောင်စု ဝန်ကြီး အာရူရှာ (တစ်သီးပုဂ္ဂလ တာဝန်ခံ) က ကာကွယ်ဆေးဆိုင်ရာ သုတေသနပြုချက်သည် ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး စမ်းသပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

"တိုင်းပြည်မှာ ကင်ဆာလူနာ အရေအတွက် တိုးလာတယ်၊ ဗဟိုအစိုးရက ဒီကိစ္စကို ဖြေရှင်းဖို့ ခြေလှမ်းတွေ စတင်နေပါပြီ။ အသက် ၃၀နှစ်အထက် အမျိုးသမီးတွေကို ဆေးရုံတွေမှာ စစ်ဆေးမှုတွေ ခံယူရမှာဖြစ်ပြီး ရောဂါကို စောစီးစွာ သိရှိနိုင်စေဖို့ နေ့ထိန်း ကင်ဆာစင်တာတွေကို ထူထောင်သွားမှာပါ" လို့ ဂျေဟဗ် ကပြောပါတယ်။

ကင်ဆာကုသရာတွင် အသုံးပြုသည့် ဆေးဝါးများအတွက်လည်း အစိုးရက အကောက်ခွန်ကို လျှော့ပေါ့ပေးထားကြောင်း  နဲ့ “အမျိုးသမီးတွေကို ထိခိုက်စေတဲ့ ကင်ဆာကာကွယ်ဆေးကို သုတေသနပြုပြီး စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ငါးလကနေ ခြောက်လအတွင်း ရနိုင်မှာဖြစ်ပြီး အသက် ကိုးနှစ်မှ ၁၆ နှစ်ကြား မိန်းကလေးတွေကို ကာကွယ်ဆေးထိုးဖို့ အရည်အချင်းပြည့်မီမှာ ဖြစ်ပါတယ်” ရင်သား၊ ခံတွင်းနဲ့ သားအိမ်ခေါင်းကင်ဆာတွေကို အဓိကထားပြီး ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၂,၅၀၀ ရှိပြီး အစိုးရက ၎င်းတို့ကို အဆင့် တိုးမြှင့်ထားကြောင်း ၎င်းက ဆိုပါတယ်။


REF - PTI

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment